အင်္ဂလန်မှာ ဗိုင်းရပ်စ် ဒုတိယအကြိမ် ခေါင်းထောင်လာမှာ စိုးရိမ်နေကြ
အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ချမှတ်ထားခဲ့တဲ့ လော့ခ်ဒေါင်း စည်းကမ်းတွေကို လျှော့ချပေးလိုက်တဲ့ နောက်မှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ဒုတိယ အကြိမ် ပြန်ပြီး ခေါင်းထောင်လာမှာကို ဆရာဝန်တွေ အကြားမှာ စိုးရိမ်နေကြပါတယ်။
ရောဂါကူးစက်မှုတွေ စခဲ့တဲ့ နောက်မှာ အဆိုးဆုံး အခြေအနေတွေကို ရင်ဆိုင်ခဲ့ရတဲ့ ဆေးရုံတရုံ ဖြစ်တဲ့ လန်ဒန် အရှေ့ပိုင်းက ရွိုင်ယဲလ် လန်ဒန် ဆေးရုံက အမှုထမ်းတွေနဲ့ ဘီဘီစီက တွေ့ဆုံခွင့်ရခဲ့ပါတယ်။
လတ်တလောအချိန်အထိ ယူကေမှာ ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၄၄၀၀၀ သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။ အဲဒီထဲကအများစုဟာ လူနည်းစု လူမျိုးကွဲတွေဆီက ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုသိမ်းမြတ်က ပြောပြမှာပါ။