ယီမင်မှာ ငတ်မွတ်မှုတွေနဲ့ ရင် ဆိုင်ရနိုင်လို့ ကုလသမဂ္ဂ သတိပေး

ဗီဒီယို ပုံစာ, ယီမင်မှာ ငတ်မွတ်မှုတွေနဲ့ ရင် ဆိုင်ရနိုင်လို့ ကုလသမဂ္ဂ သတိပေး

ကုလသမဂ္ဂက ယီမင်မှာ နိုင်ငံတကာက ကူညီမှုတွေ ပိုတိုးပြီး မပေးကြရင် အဲဒီမှာရှိတဲ့ သန်းပေါင်းများစွာသော ကလေးတွေ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ရင်ဆိုင်ရတော့မယ်လို့ သတိပေး လိုက်ပါတယ်။

အဲဒီမှာ ၅ နှစ်ကြာ ပြည်တွင်းစစ်ကြောင့် လူမှုဒုက္ခတွေ မျိုးစုံ ကြုံနေရတဲ့ ကြားမှာ ကိုဗစ် - 19 ကပ်ရောဂါကြောင့် အခြေအနေတွေက ပိုဆိုးလာနေပါတယ်။

ဘီဘီစီရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အယ်ဒီတာ ဂျယ်ရမီဘိုဝင်ရဲ့ သတင်းကို ကိုရင်မောင်က ပြန်ပြောပြမှာပါ။ ဒီသတင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ကြောင့် ကြိုတင်အသိပေးအပ်ပါတယ်။