ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် သေဆုံးသူ ၅ သိန်းရှိလာ
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးရသူပေါင်းဟာ ၅ သိန်းအထိ ရှိလာပြီ ဖြစ်ပါတယ်။ အဆိုးဆုံးရင်ဆိုင်ရတာကတော့ အမေရိကန်ပြည်ထောင်စု ဖြစ်ပြီး သူ့နောက်မှာ ဘရာဇီးက ဒုတိယအဆိုးဆုံး ဖြစ်ပါတယ်။
ဥရောပတိုက်က နိုင်ငံတော်တော်များများရဲ့ အစိုးရတွေကတော့ သူတို့နိုင်ငံတွေမှာ အခြေအနေတွေကို ထိန်းနိုင်လာပြီဆိုပြီး ချမှတ်ထားတဲ့ ကန့်သတ်ပိတ်ပင်မှုတွေကို ဖြေလျှော့ပေးလာနေကြပါတယ်။ ဒီလို လုပ်ပေးတာကြောင့် နောက်ဆက်တွဲအဖြစ် ကူးစက်မှုတွေ တခါပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေလည်း ထွက်လာနေပါတယ်။
ရုရှားနဲ့ အိန္ဒိယတို့လို ကူးစက်မှု တော်တော်များတဲ့ နိုင်ငံတွေမှာလည်း သေဆုံးမှုအများအပြား ရှိလာနိုင်တယ်ဆိုပြီးလည်း စိုးရိမ်နေကြပါတယ်။
ကိုသိမ်းမြတ်က ပြောပြမှာပါ။