ဗြိတိန် က တမူထူးခြားတဲ့ ကိုရိုနာ ကာကွယ်ဆေး လူတွေနဲ့ စတင်စမ်းသပ်
ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ပေါင်း ၁၂၀ လောက် ကို ကမ္ဘာ့အရပ်ရပ်က ဆေးသုတေသီတွေက စမ်းသပ်မှုတွေ လုပ်နေကြပါတယ်။ အဲဒီအထဲက တစ်ခုဖြစ်တဲ့လန်ဒန် အင်ပရီးရဲလ် ကောလိပ်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လူတွေနဲ့ စတင်စမ်းသပ်ခဲ့ရာမှာ ရာနဲ့ချီတဲ့ လူတွေ ပါဝင် စမ်းသပ်ခံခဲ့ကြပါတယ်။ ဒီဆေးဟာ တခြားကာကွယ်ဆေး တွေနဲ့ မတူတဲ့ နည်းလမ်းမျိုးနဲ့ ချည်းကပ် ထုတ်လုပ်ထားပြီး ဆေးအနည်းငယ် ထိုးဖို့ပဲ လိုအပ်တာဖြစ်ပါတယ်။ တကယ်လို့ ဒီဆေးသာ အောင်မြင်ခဲ့မယ် ဆိုရင်တော့လာမယ့် နှစ်လယ်လောက်ကျရင် ဗြိတိန်က လူ သန်း ၄၀ လောက်ကို ကာကွယ်ဆေး ထိုးပေးနိုင်မှာ ဖြစ်တယ်လို့ ဆေးသုတေသီတွေက ပြောပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်မှု ဘယ်အခြေအနေ အထိရှိနေပါပြီလဲ။ ဘီဘီစီသတင်းထောက် ဖားဂတ်ဝက်ရှ်ရဲ့ သတင်းကို ကိုမင်းထက်က ဆက်ပြီး ပြောပြပေးမှာပါ။