လော့ခ်ဒေါင်းကာလက နိုးထလာတဲ့ နယူးယောက်
အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူဦးရေဟာ ပထမကမ္ဘာစစ်အတွင်း သေဆုံးခဲ့ရတဲ့ အမေရိကန်ဦးရေထက် များသွားပြီဖြစ်ပါတယ်။
နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေအရ လူပေါင်း ၁၂၀၀၀၀ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ နေ့စဉ်ဆိုသလိုလည်း လူရာနဲ့ချီ သေဆုံးနေဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် မကြာသေးခင်ကအထိ ကမ္ဘာပေါ်မှာ ကူးစက်မှု အဆိုးဆုံး နေရာလို ဖြစ်နေခဲ့တဲ့ နယူးယောက်ဟာ အခုဆို လော့ခ်ဒေါင်းကာလကနေ ရုန်းထွက်လာနေပြီ ဖြစ်ပါတယ်။
ဆိုင်တွေလည်း ပြန်ဖွင့်လာကြပြီ ဖြစ်လို့ လူတွေလည်း စျေးဝယ်၊ ဆံပင်ညှပ်နဲ့ ကော်ဖီဆိုင်တွေ အပြင်ဘက်မှာ ထိုင်စားသောက်နိုင်ကြပြီ ဖြစ်ပါတယ်။
ကိုသိမ်းမြတ်က ပြောပြမှာပါ။