နယ်သာလန်က ယူသွားခဲ့တဲ့ စိန်ကြီး ပြန်ပေးဖို့ အင်ဒိုနီးရှား တောင်းဆို
နယ်သာလန်က အင်ဒိုနီးရှား နိုင်ငံကို နှစ် ၃၀၀ ကျော် ဖိနှိပ် အုပ်ချုပ်မှုတွေ လုပ်ခဲ့တာနဲ့ ပတ်သက်လို့ နယ်သာလန် ဘုရင်က ဒီနှစ် အစောပိုင်းမှာ တောင်းပန် မှုတွေ လုပ်ခဲ့ပါတယ်။ နောက်ပြီး အဲဒီ အချိန်က သိမ်းယူ ခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကိုလည်း ပြန်ပေးမယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ၃၆ ကာရက် အလေးချိန် ရှိတဲ့ ဘော်နီယို ဒေသက ဘင်ဂျမင်ဆင် စိန်ကြီးကိုတော့ ပြန်မပေးသေးပါဘူး။
အဲဒီ စိန်ကြီးရဲ့ ပိုင်ရှင်ဟောင်းတွေ ဖြစ်တဲ့ ဘော်နီယို ဆူလ်တန်တွေ ရဲ့ မျိုးဆက်တွေက ပြန်ပေးဖို့ တောင်းဆိုနေပါတယ်။ ကိုသိမ်းမြတ်က ဆက်ပြီး ပြောပြပေးမှာပါ။