အင်ဒိုနီးရှားမှာ ရာမာဒမ်ကာလ အစုလိုက်အပြုံလိုက် မလုပ်ဖို့ပိတ်ပင်

ဗီဒီယို ပုံစာ, အင်ဒိုနီးရှားမှာ ရာမာဒမ်ကာလ အစုလိုက်အပြုံလိုက် မလုပ်ဖို့ပိတ်ပင်

မွတ်စလင်တွေရဲ့ ရာမာဒမ် ဥပုသ်လစပြီ ဖြစ်ပါတယ်။ အာရှမှာ တရုတ်ပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အများဆုံးရှိတဲ့ အင်ဒိုနီးရှားမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်မှာ စိုးရိမ်တာကြောင့် လူအများအပြား စုပြုံပြန်ကြတာတွေ မလုပ်ဖို့ ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် လူတော်တော်များများကတော့ အပြန်လမ်းခရီးပေါ် ရောက်နေပြီ ဖြစ်ပြီး ဒီကနေတဆင့် ကိုဗစ်-19 ရောဂါကူးစက်မှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

မသီဒါနွယ်က ပြောပြမှာပါ။