အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ တရုတ်ထက် များလာ
အီတလီဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် လူ အများဆုံး သေဆုံးရတဲ့ နိုင်ငံဖြစ်သွားပါပြီ။ အခုဆို သေဆုံးသူ ဦးရေဟာ ၃၄၀၀ ကျော်သွားပြီဖြစ်ပါတယ်။
ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စဖြစ်ခဲ့တဲ့ တရုတ်ပြည်ထက်တောင် များနေပါပြီ။ ပြီးခဲ့တဲ့ ၂ ရက်ထဲမှာတင် ရောဂါကူးစက်ခံရတဲ့ လူသစ် ၅၀၀၀ ကျော် ထပ်တိုးလာပါတယ်။ အဲဒီကအခြေအနေတွကို ဘီဘီစီ သတင်းထောက် Mark Lowen ရောမမြို့တော်ကနေ သတင်းပေးပို့ထားတာကို ကိုအောင်သွင်ကပြန်ပြောပြပေးပါမယ်။