အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၁၀ မိနစ်တိုင်း လူ ၁ ယောက်သေဆုံး
ဒီနေ့ဟာ အီရန်မှာ ပါရှန် လူမျိုးတွေရဲ့ နှစ်သစ်ကူးကာလ စတဲ့ နေလည်း ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဒီလို အချိန်မျိုးမှာ မိသားစုတွေ စုရုံးလို့ နောရုစ်ပွဲကို ဆင်နွှဲကြပါတယ်။ အခုတကြိမ်တော့ သူတို့ ဒီလို မနွှဲနိုင်ကြတော့ပါဘူး။
အာဏာပိုင်တွေက အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၁၀ မိနစ်တိုင်းမှာ လူတယောက် အသက်ဆုံးရှုံးနေရပြီလို့ ပြောလိုက်ပါတယ်။ အီရန်မှာကူးစက်ခံထားရသူ ၁၉၅၀၀ ရှိပြီး သေဆုံးသူဦးရေက ၁၄၀၀ ကျော်ပြီ ဖြစ်ပါတယ်။
အီရန်ဟာ အရှေ့အလယ်ပိုင်း နိုင်ငံတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို အဆိုးဆုံး ရင်ဆိုင်နေရတာဖြစ်ပြီး ကမ္ဘာပေါ်မှာလည်း အီတလီနဲ့ တရုတ်ပြီးရင် အဆိုးဆုံးဖြစ်ပါတယ်။ နောက်ပြီး အီရန်ထဲကနေ တိကျတဲ့ အချက်အလက်တွေ ရဖို့ ဆိုတာကလည်း အင်မတန်မှ ခက်ခဲပါတယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာတွေကြောင့် အဲဒီ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ရှေ့တန်းက ရင်ဆိုင်နေကြရတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေရဲ့ အခြေအနေတွေကို သိမြင်ခွင့် ရနိုင်ကြပါတယ်။
ကိုသိမ်းမြတ်က ပြောပြမှာပါ။