တိုကျိုအိုလံပစ် မကျင်းပမှာ အားကစား သမားတွေ စိုးရိမ်
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ၂၀၂၀ တိုကျို အိုလံပစ် ပြိုင်ပွဲအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ပြိုင်ပွဲကျင်းပရေး တာဝန်ခံတွေ အင်္ဂါနေ့ မှာ ဗီဒီယို ကွန်ဖရင့် အစည်းအဝေး လုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကပဲ ဂျပန်ဝန်ကြီးချုပ်က ဒီအိုလံပစ် ပြိုင်ပွဲကို အစက စီစဉ်ထားတဲ့အတိုင်းပဲ ဇူလိုင် ၂၄ ရက်မှာ ကျင်းပမှာ ဖြစ်တယ်လို့ ပြောပါတယ်။ တဘက်မှာလည်း အိုလံပစ် ပြိုင်ပွဲ ဝင်ခွင့်ရဖို့ လူစစ်ပွဲတွေ ကျင်းပရေးမှာ တော်တော် အခက်အခဲတွေ ကြုံနေကြရပါတယ်။ ကင်ညာက အပြေးသမား တချို့ကဆို ပြိုင်ပွဲ မကျင်းပ ဖြစ်တော့မှာကို စိုးရိမ်နေကြပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။