စပိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ပိတ်ပင်တားဆီးမှုတွေ စတင်
စပိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၈၀၀၀ နီးပါးရှိပြီး လူ ၃၀၀ နီးပါး သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ် ကူးစက်နေတာကို ထိန်းချုပ်တဲ့အနေနဲ့ မဖြစ်မနေအရေးကြီးတဲ့ကိစ္စကလွဲလို့ အပြင်မထွက်ဘဲ အိမ်မှာပဲ နေနေကြဖို့ တားဆီးတာတွေလည်း လုပ်နေပါပြီ။ ဒီအကြောင်း ကိုဘိုဘိုက ပြောပြပါမယ်။ ဒီဗီဒီယို အစပိုင်းမှာ စိတ်မချမ်းမြေ့စရာပုံတချို့ ပါလာနိုင်ပါတယ်။