တောင်ကိုရီးယား ရုပ်ရှင် ဘာကြောင့် အော်စကာဆုရရှိ

ဗီဒီယို ပုံစာ, တောင်ကိုရီးယား ရုပ်ရှင် အော်စကာဆု ဘာကြောင့် ရရှိ

အမေရိကန် ပြည်ထောင်စုမှာ ကျင်းပခဲ့တဲ့ အော်စကာ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲမှာတော့ တောင်ကိုရီးယား ရုပ်ရှင် ပါရာဆိုက်က အကောင်းဆုံး ရုပ်ရှင်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါဟာ အင်္ဂလိပ်စကားပြော မဟုတ်တဲ့ ရုပ်ရှင်ဇာတ်ကားတွက် ပထမဆုံးအကြိမ် အကောင်းဆုံး ရုပ်ရှင်ဆုအတွက် ရွေးချယ်ခံခဲ့ရခြင်းလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက တခြား ဆု ၃ ဆုလည်း ရရှိခဲ့ပါတယ်။ ဆိုးလ်မြို့တော်က ဆင်းရဲ ချမ်းသာ မတူညီတဲ့ လူ့အလွှာ ၂ ခုက မိသားစု ၂ ခု အကြောင်းကို အခြေခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ဘာကြောင့် ဒီလို အောင်မြင်မှု ရခဲ့ပါသလဲ။ ကိုထွေးက ပြောပြပေးမှာပါ။