သမ္မတထရမ့် အပြစ်မရှိဘူးလို့ ဆီးနိတ်ဆုံးဖြတ်

ဗီဒီယို ပုံစာ, သမ္မတထရမ့် အပြစ်မရှိဘူးလို့ ဆီးနိတ်ဆုံးဖြတ်

အမေရိကန် သမိုင်းမှာ တတိယအကြိမ်မြောက် အဖြစ် လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်ကို စွပ်စွဲ ပြစ်တင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ရာမှာ သူ အပြစ်မရှိဘူးလို့ ဆီးနိတ်အထက်လွှတ်တော်က ဆုံးဖြတ်လိုက်ပါပြီ။ ဒီမိုကရက်တွေက သမ္မတထရမ့်ဟာ သူ့ရဲ့ အာဏာကို အလွဲသုံးစားလုပ်တယ်၊ ကွန်ဂရက်ရဲ့ လုပ်ဆောင်မှုတွေကို ပိတ်ဆို့တားဆီးဖို့ လုပ်ခဲ့တယ်လို့ စွပ်စွဲထားကြပါတယ်။ သူ့ကိုအခုလို ဆုံးဖြတ်ပေးခဲ့တာကြောင့် စွပ်စွဲ ပြစ်တင်ခံရတဲ့ သမ္မတတွေထဲမှာ နောက်သက်တမ်း အတွက် ယှဉ်ပြိုင် အရွေးခံနိုင်တဲ့ ပထမဆုံး သမ္မတ ဖြစ်လာပါတယ်။ ကိုမိုးမြင့်က ပြောပြမှာပါ။