အမေရိကန် တကြော့ပြန်လာပြီလို့ သမ္မတထရမ့်ပြော

ဗီဒီယို ပုံစာ, အမေရိကန် တကြော့ပြန်လာပြီလို့ သမ္မတထရမ့်ပြော

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ကွန်ဂရက်လွှတ်တော်မှာ နှစ်ပတ်လည် နိုင်ငံအခြေပြ မိန့်ခွန်းကို ပြောကြား ခဲ့ပါတယ်။ သူ့ကို စွတ်စွဲပြစ်တင်မယ့် ကိစ္စနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချ ချမယ့်နေ့ မတိုင်မီမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ထရမ့်က သူ့ကြောင့် အမေရိကန်တွေ တကြော့ပြန်လာပြီ၊ စီးပွားရေးတွေ ကောင်းပြီး ကမ္ဘာက တခါပြန်လေးစားလာရပြီလို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီမိုကရက်တွေဘက်ကတော့ သိပ်အလေးမထားကြပါဘူး။ လွှတ်တော်ဥက္ကဌ နန်စီ ပလိုစီဆို သူ့ မိန့်ခွန်း မိတ္တူကိုတောင် စုတ်ဖြဲပစ်ခဲ့ပါတယ်။ ကိုထွေးက ပြောပြမှာပါ။