အိုင်အက်စ် မိသားစု ကလေးတွေရဲ့ အနာဂတ်

ဗီဒီယို ပုံစာ, အိုင်အက်စ် မိသားစု ကလေးတွေရဲ့ အနာဂတ်

အစ္စလာမ်မစ်နိုင်ငံ အဖွဲ့ကို နိုင်ငံတကာ ပူးပေါင်းပြီး နှစ်အတော်ကြာ ချေမှုန်းခဲ့ရပါတယ်။ အခုတော့ သူတို့ရဲ့ ကာလီဖိတ်ရော တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တွေရော မရှိတော့ပါဘူး။ နောက်ဆက်တွဲအဖြစ် ဘာတွေ ဖြစ်ခဲ့ပါသလဲ။ အိုင်အက်စ် အဖွဲ့ဟာ တခြား အကြမ်းဖက်အဖွဲ့တွေနဲ့ မတူပါဘူး။ သူတို့အဖွဲ့ဝင်တွေဟာ ခရီးသွားကြတဲ့အခါ သူတို့ချည်း သွားကြတာမဟုတ်ဘဲ မိသားစုတွေကိုပါ ခေါ်သွားကြတာပါ။

အခုတော့အဲဒီ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ကျန်ရှိနေပါတယ်။ ဆီးရီးယားထဲမှာ အိုင်အက်စ်ကို ထောက်ခံ အားပေးခဲ့သူပေါင်း ၇၀၀၀၀ လောက်ကို ထိန်းသိမ်းထားရပါတယ်။ အဲဒီထဲမှာ ကလေးသူငယ် ၁၀၀၀၀ ကျော်လည်းပါ ပါတယ်။ ဒီလူတွေနဲ့ ပတ်သက်လို့ ဘာလုပ်ရမယ်ဆိုတာ စဉ်းစားပေးတဲ့ နိုင်ငံအနည်းငယ်ပဲ ရှိပါသေးတယ်။ ဘီဘီစီ သတင်းထောက် ကွင်တင်ဆမ်းမားဗီးလ်နဲ့ ကင်မရာဆရာ ဒါရန် ကောန်းဝေးတို့က အဲဒီ ကာလီဖိတ်ရဲ့ နောက်ပိုင်းကာလ အခြေအနေတွေကို တင်ဆက်ပေးထားတဲ့ သတင်း ကို ကိုရင်မောင်က ပြောပြမှာပါ။