အီရတ်က ဆန္ဒပြပွဲတွေမှာ လူ ၃၀၀ ကျော် သေဆုံး

ဗီဒီယို ပုံစာ, အီရတ်က ဆန္ဒပြပွဲတွေမှာ လူ ၃၀၀ ကျော် သေဆုံး

အီရတ်နိုင်ငံမှာ အောက်တိုဘာလ ၁ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အလုပ်အကိုင်ပိုမိုရရှိရေး၊ လူထုဝန်ဆောင်မှု စနစ် ကောင်းမွန်ရေးနဲ့ အဂတိလိုက်စားမှု အဆုံးသတ်ရေး အစိုးရကို ဆန့်ကျင် ဆန္ဒပြနေကြတဲ့ ဒီဆန္ဒပြပွဲတွေမှာ အီရတ် နိုင်ငံသား ထောင်သောင်းချီ ဝင်ရောက် ပူးပေါင်းခဲ့ပါတယ်။

ဒီဆန္ဒပြပွဲတွေဟာ ဘဘဂ္ဂဒက်မြို့မှာ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ နိုင်ငံတောင်ပိုင်းအနှံ့က မြို့ကြီးတွေအထိ ပျံ့နှံ့သွားခဲ့တာပါ။

ကို အောင်သွင်က ပြောပြပေးမှာပါ။

ဒီသတင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ကြောင်းကိုတော့ ကြိုတင်အသိပေးပါရစေ။