လစ်ဗျား ရွှေ့ပြောင်းသူစခန်း တိုက်ခိုက်ခံရမှု ပြည်ပနိုင်ငံလက်ချက်လို့ ကုလယူဆ
လစ်ဗျားက ရွှေ့ပြောင်းဝင်ရောက်သူများ စခန်းကို အပစ်ခံခဲ့ရတဲ့ ဒုံးကျည်ဟာ ပြည်ပ နိုင်ငံတခုက တိုက်လေယာဉ်ဆီက ပစ်ခတ်ခဲ့တာလို့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်ထားတဲ့ စုံစမ်း ဖော်ထုတ်မှုတခုမှာ ဖော်ပြထားတာကို ဘီဘီစီ အာရပ်ဘာသာ ဌာနက တွေ့ခဲ့ရပါတယ်။ ဘယ်တိုင်းပြည်က ဆိုတာကို မဖော်ပြထားပေမယ့် စုံစမ်းစစ်ဆေးမှုတွေကို အာရပ်စော်ဘွားများ ပြည်ထောင်စုကို အဓိက ထားတယ်လို့ အဲဒီ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်လို့ သိနားလည်မှု ရှိတဲ့သူက ဘီဘီစီကို ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ယူအေအီးကို ချဉ်းကပ်မေးမြန်းခဲ့ပေမယ့် တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ရွှေ့ပြောင်းဝင်ရောက်လာသူ ၅၃ ဦးသေဆုံးပြီး ၁၃၀ ဒဏ်ရာရရှိခဲ့ပါတယ်။ ကုလသမဂ္ဂ အရာရှိတဦးကတော့ ဒါဟာ စစ်ရာဇဝတ်မှုပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ကိုရင်မောင်က ဆက်ပြောပြမှာပါ။