အိုက်အက်စ်အဖွဲ့ခေါင်းဆောင် သေဆုံးသွားပြီ အမေရိကန် ပြော
ဆီးရီးယားနိုင်ငံတွင်းက အမေရိကန်တပ်တွေရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း အိုက်အက်စ်အဖွဲ့ ခေါင်းဆောင် Abu Bakr Al-Baghdadi သေဆုံးသွားခဲ့ပေမယ့် အိုက်အက်စ် အစ္စလာမစ်အဖွဲ့ကို တိုက်ထုတ်မှုက အဆုံးမသတ်သေးဘူးလို့ အမေရိကန်ရဲ့ မဟာမိတ်တွေက ပြောပါတယ်။
အိုက်အက်စ်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းနိုင်သည်အထိ ဆက်လက် တိုက်ထုတ်သွားမယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်းက ပြောပါတယ်။
ကိုအောင်သွင်က ဆက်ပြောပြမှာပါ။