လမစေ့ခင်မွေးတဲ့ ကလေးတွေအတွက် သားအိမ်အတု
၂၀၁၉ ခုနှစ်အတွင်းမှာ သြဇာညောင်းတဲ့၊ အားကျစရာကောင်းတဲ့ အမျိုးသမီး ၁၀၀ အစီအစဉ်တွေကို ဘီဘီစီက ထုတ်လွှင့်ပေးနေရာမှာ အမျိုးသမီးတွေရဲ့ အနာဂတ်နဲ့ အထူးသက်ဆိုင်တဲ့ ဆောင်ရွက်မှုတခုအကြောင်းကို အခုတင်ပြပေးပါဦးမယ်။
ကလေးတွေကို လမစေ့ခင်မွေးဖွားမှုဟာ အလွန်များပြားပြီး သေဆုံးမှုတွေ မသန်မစွမ်းမှုတွေလည်း အများအပြားရှိပါတယ်။
Incubator ဖန်ပေါင်းချောင်ထဲမှာထည့်တာကလည်း လုံလောက်တဲ့အဖြေမဟုတ်ပါဘူး။ အခုတော့ လမစေ့ခင်မွေးတဲ့ ကလေးတွေအတွက် နယ်သာလန်က ဆရာဝန်တွေက သားအိမ်အတု တီထွင်လိုက်ပါပြီ။ မသီဒါနွယ်က ပြောပြပေးမှာပါ။