သမ္မတ ထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ ကွန်ဂရက်ကြားနာမှု စတင်

ဗီဒီယို ပုံစာ, သမ္မတ ထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ ကွန်ဂရက်ကြားနာမှု စတင်

အမေရိကန် ပြည်ထောင်စုမှာတော့ သမ္မတ ထရမ့် စွပ်စွဲ ပြစ်တင် ခံရမယ့် ကိစ္စကို ဖွင့်ချတိုင်ကြား သူရဲ့ တိုင်ကြားချက် အပြည့်အစုံကို ထုတ်ပြန်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ စာထဲမှာ ဒီလူက သူ့ဆီမှာ မစ္စတာ ထရမ့်ဟာ ယူကရိန်း သမ္မတ မစ္စတာ ဇလန်းစကီးဆီကို ဆက်သွယ်ပြီး အရင် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သားဖြစ်သူတို့နဲ့ ပတ်သက်တဲ့ အဂတိမှု စွပ်စွဲချက်တွေကို စုံစမ်းရာမှာ ကူညီဖို့ ပြောခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို နေရာတော်တော်များများဆီက ရထားတယ်လို့ ပြောပါတယ်။

လောလောဆယ်မှာတော့ ယာယီ အမေရိကန် ထောက်လှမ်းရေး အကြီးအကဲကို ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကွန်ဂရက်လွှတ်တော်က ခေါ်ယူ စစ်ဆေး မေးမြန်းနေပါတယ်။ အမေရိကန် သမ္မတ အိမ်ဖြူတော်ဘက်ကလည်း မစ္စတာ ထရမ့်နဲ့ ယူကရိန်း သမ္မတ တို့အကြား ပြောဆို ခဲ့တာတွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ မစ္စတာ ထရမ့်ကတော့ ဒီစွပ်စွဲချက်တွေဟာ လုပ်ကြံ ဖန်တီးထားချက်တွေပဲလို့ ပြောပါတယ်။ ကိုကျော်ဇေယျက ပြောပြမှာပါ။