ရာသီဥတု ပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာ
ကမ္ဘာရာသီဥတု ပြောင်းလဲမှုကြောင့် ရေခဲတောင်တွေနဲ့ ကမ္ဘာ့သမုဒ္ဒရာကြီးတွေကို ရိုက်ခတ်မှုတွေ ရှိလာပြီး လူသားတွေအတွက် အန္တရာယ်ပေးနိုင်တဲ့ အဆင့်ရောက်လာအောင် တွန်းပို့ နေတယ်လို့ ကုလသမဂ္ဂရဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာ အစိုးရတွေရဲ့ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အဖွဲ့က ရေခဲတောင်တွေလည်း အရည်ပျော်လာနေပြီး ပင်လယ်ရေ မျက်နှာပြင်ဟာလည်း မြင့်တက်လာနေတယ် လည်း သတိပေးထားပြီး သတ္တဝါမျိုးစုံရဲ့ နေထိုင် ကျက်စားမှုတွေလည်း ပြောင်းလဲ လာနေတယ်လို့ ဆိုပါတယ်။ ဒီရာစုနှစ် ကုန်ပိုင်းမှာ လူ သန်းရာပေါင်းများစွာဟာ ရေဘေးတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။ ကိုဘိုဘို ကပြောပြမှာပါ။