ဟာရီကိန်းမုန်တိုင်း ဒိုရီယန်ကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံး
ဘဟားမားစ်မှာ တိုက်ခတ်နေတဲ့ ဟာရီကိန်းမုန်တိုင်း ဒိုရီယန်ကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ သတင်းတွေအရ အက်ဘ်ကို ကျွန်းတွေဘက်မှာဆို လူနေအိမ်ခြေတွေ အကုန် ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ကတော့ သမိုင်းတွင်မယ့် ပျက်စီးဆုံးရှုံးမှုကြီးဖြစ်တယ်လို့ပြောပါတယ်။ အမေရိကန် အရှေ့ပိုင်းကမ်းရိုးတန်းမှာလည်း မုန်တိုင်းအတွက် ပြင်ဆင်နေကြပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။