သမိုင်းတလျှောက် ဒုတိယ အားအကောင်းဆုံး ဟာရီကိန်း

ဗီဒီယို ပုံစာ, သမိုင်းတလျှောက် ဒုတိယ အားအကောင်းဆုံး ဟာရီကိန်း

Caribbean ကျွန်းစုကို သမိုင်းတလျှောက် အားကောင်းတဲ့ ဟာရီကိန်း မုန်တိုင်း ဝင်ရောက်တိုက်ခိုက်နေပါတယ်။

ဘဟ်ဟားမားနိုင်ငံကို တိုက်ခိုက်နေတဲ့ ဟာရီကိန်း ဒေါ်ရီယန်ဟာ တနာရီကို ၃ဝဝ ကီလိုမီတာ လေတိုက်နှုန်းရှိပြီး ရေလှိုင်းလုံးကြီးတွေဟာလည်း ၇ မီတာလောက်ထိ မြင့်တက်ခဲ့ပါတယ်။

ဒီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားရှိနိုင်ပြီး လုံးဝ ပြိုကျသွားတာ ဒါမှမဟုတ် ဆိုးဆိုးဝါးဝါး ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ၁၃ဝဝဝ လောက်ရှိနိုင်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

ကိုအောင်သွင်က ဆက်ပြောပြမှာပါ။