ဗြိတိသျှ ပါလီမန် ဆိုင်းငံ့တာကို ဆန့်ကျင် ဆန္ဒပြနေကြ
ဗြိတိန် အီးယူက ထွက်ဖို့ အရေးကြီးတဲ့ ရက်သတ္တပတ်တွေ ရောက်လာချိန်မှာပဲ ဗြိတိသျှ ပါလီမန်ကို ဆိုင်းငံ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ဗြိတိသျှ အစိုးရ ဝန်ကြီးတွေက ကာကွယ် ပြောကြား လိုက်ကြ ပါတယ်။
ဒါဟာ ပါလီမန် အမတ်တွေက ယူကေ အီးယူကနေ ဘာသဘောတူညီချက်မှ မယူဘဲ ထွက်မယ့် ကိစ္စကို တားဆီးလို့ မရနိုင်အောင် လုပ်တာဖြစ်တယ်လို့ ပြောပါတယ်။
အတိုက်အခံ တွေဘက်ကလည်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ အာဏာရှင်လို လုပ်လာတာပဲ ဖြစ်တယ်ဆိုပြီး ဝေဖန်ပြစ်တင်နေကြပါတယ်။
ကိုထက်အောင်က ပြောပြမှာပါ။