ဂျပန်ရောက် ရွှေ့ပြောင်းအလုပ်သမားတချို့ ခေါင်းပုံဖြတ်ခံနေရ
ဂျပန် နိုင်ငံမှာ ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲရဲ့ အကြို ပြင်ဆင်မှု အဖြစ် စက်တင်ဘာလမှာ ရဂ်ဘီ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ကျင်းပတော့မှာဖြစ်ပါတယ်။
တဘက်မှာလည်း ဂျပန်မှာ လုပ်သား အင်အား မလုံလောက်မှုတွေနဲ့ကြုံနေရပါတယ်။
အဲဒီ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက်လည်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက လာမယ့် ၅ နှစ်အတွင်း ပြည်ပက လုပ်သားအင်အား ၃၄၅,၀၀၀ ကို ခေါ်ယူနိုင်ဖို့အတွက် ဥပဒေတရပ်ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ၉၀ ပြည့်လွန်နှစ်တွေကတည်းက စပြီးကျင့်သုံးလာနေတဲ့ အမြတ်ထုတ်တာတွေ၊ ဖိနှိပ်တာတွေ ရှိတယ်ဆိုပြီး နာမည်ဆိုး ထွက်နေတဲ့ အစိုးရရဲ့ လုပ်သားခေါ်ယူမှု ဆိုင်ရာ အစီအစဉ် တခုကိုလည်း သတိပြုမိသွားစေခဲ့ကြပါတယ်။ အဲဒီ အစီအစဉ်မှာ နိုင်ငံတကာမှာပါ လူသိများ ထင်ရှားတဲ့ လုပ်ငန်းတချို့ ပါဝင်နေတာကို ဘီဘီစီက သိခဲ့ရပါတယ်။
မရီရီအောင်ကပြောပြမှာပါ။