စစ်တပ်နဲ့ အတိုက်အခံခေါင်းဆောင်တွေ တလှည့်စီအုပ်ချုပ်မယ့် ဆူဒန်
ဆူဒန်နိုင်ငံမှာ အသွင်ကူးပြောင်းရေးကာလအတွင်း ပူးတွဲ အစိုးရတရပ်ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ကျင်းပသွားဖို့ ဆန္ဒပြခေါင်းဆောင်တွေနဲ့ ဆူဒန် အာဏာသိမ်း စစ်ကောင်စီတို့ သဘောတူခဲ့ကြပါတယ်။
ဒီသဘောတူညီမှုအရ ဆူဒန် စစ်တပ်နဲ့ အရပ်သားခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲ မကျင်းပခင် သုံးနှစ်တာ ကာလအတွင်း တလှည့်စီ တာဝန်ယူ အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။
ကိုအောင်သွင်က ဆက်ပြောပြမှာပါ။