ဗြိတိန်ရဲ့ လေထုညစ်ညမ်းမှု လျှော့ချရေး
ဗြိတိန်နိုင်ငံဟာ လာမယ့် ၂၀၅၀ ခုနှစ်မှာ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှု လုံးဝမရှိအောင်ထိ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ် ထရီဆာမေက ကြေညာလိုက်ပါတယ်။
ဒီလိုဆိုရင် လူသန်းနဲ့ချီဟာ ဓာတ်ဆီနဲ့ ဒီဇယ် ကားတွေအစား လျှပ်စစ်ကားတွေကို ပြောင်းစီးရတော့မှာပါ။
နောက်ပြီး လေယာဉ်နဲ့ ခရီးသွားတာကိုလည်း လျှော့ချရမှာပါ။
ဗြိတိန်ရဲ့ ဒီအစီအစဉ်တွေကို သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ချီးကျူးထောပနာ ပြုနေကြပါတယ်။
ဒါပေမဲ့ ဒါဟာ နောက်ကျလွန်းတယ်၊ မဖြစ်နိုင်တဲ့ လုပ်ဆောင်ချက်တခုလို့လည်း ဝေဖန်နေသူတွေ ရှိပါတယ်။
ကိုမင်းထက်က ပြောပြမှာပါ။