မြောက်ကိုရီးယား အမျိုးသမီးတွေ လူကုန်ကူး ခံရ
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်းတို့ ဒုတိယအကြိမ် တွေ့ဆုံဖို့အရေး အတွက် ဆွေးနွေးဖို့ မြောက်ကိုရီးယား ထိတ်တန်းအရာရှိကြီးတဦးဟာ ဝါရှင်တန်မြို့တော်မှာ ရောက်နေပြီဖြစ်ပါတယ်။
သူနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေယိုတို့ ဆွေးနွေးကြဖို့ ရှိပြီး အဲဒီနောက်မှာတော့ အိမ်ဖြူတော်မှာ သမ္မတ ထရမ့်ကို သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။ မကြာသေးခင်က စလို့ မြောက်ကိုရီးယား ဟာ သံတမန်ရေးမှာ ပိုပြီး ပွင့်ပွင့်လင်းလင်း ဆက်ဆံမှုတွေ ရှိလာပေမယ့် တဘက်မှာလည်း မြောက်ကိုရီးယား ပြည်သူတွေ တိုင်းပြည်တွင်းကနေ ထွက်ပြေးနေကြတာတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲဒီထဲမှာ အမျိုးသမီး တချို့ဆို အလုပ်အကိုင် ရရှိမယ်ဆိုပြီး တရုတ်ပြည်ကို ရောက်လာခဲ့ ကြတာတွေရှိပါတယ်။ ဒါပေမယ့် လူကုန် ကူးသူတွေရဲ့လက်ထဲ မှာ ချောင်ပိတ်မိသလို ဖြစ်နေခဲ့ကြပါတယ်။ အဲဒီထဲကမှ တချို့ကိုတော့ တောင်ကိုရီးယား ဘုန်းတော်ကြီးတ ဦးက ကယ်တင်နိုင်ခဲ့ပါတယ်။ မသီဒါနွယ်က ဆက်ပြောပြမှာပါ။