မိသားစုတွေ မျှော်လင့်သလို ဖြစ်မလာခဲ့တဲ့ ရိုက်တာအမှု အယူခံ
နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်တယ်ဆိုပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အတွက် အယူခံကို ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားရုံးက ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။
တရားရုံးရဲ့ အကြောင်းပြချက်ကို ကြည့်ပြီး မြန်မာပြည်ရဲ့ တရားစီရင်ရေးဟာ လွတ်လပ်မျှတမှု ရှိပါရဲ့လားဆိုတဲ့ အပေါ်မှာလည်း ဆန်းစစ်ပြောဆိုမှုတွေ ဖြစ်လာပါတယ်။
ကိုရင်မောင်က ဆက်ပြောပြပေးမှာပါ။