ဒေါ်နှင်းမေ ကိုယ်တိုင် တိုက်ခဲ့တဲ့ လွတ်လပ်ရေး တိုက်ပွဲ
၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးအစီအစဉ်အဖြစ် ဖက်ဆစ်နဲ့ နယ်ချဲ့စနစ်ကို ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့သူ အသက် ၉၀ ကျော်အရွယ် အဘွား ဒေါ်နှင်းမေက သူ့ရဲ့ လွတ်လပ်ရေး တိုက်ပွဲ အတွေ့အကြုံကို ပြန်ပြောင်း ပြောပြပေးထားပါတယ်။