အနိုင်ကျင့်မခံရဖို့ လူမှုကွန်ရက်ကနေ အကူအညီပေးနေသူ - ဘီဘီစီ အမျိုးသမီး ၁၀၀

ဗီဒီယို ပုံစာ, ဘီဘီစီရဲ့အမျိုးသမီး ၁၀၀ အထူး အစီအစဉ်

ဆဗက်လာနာ အလက်ဆီဗာ ဟာ ရုရှား အရှေ့ဖျားက ဖြစ်ပြီး ငယ်ရွယ်စဉ်မှာကတည်းက အပူလောင် ခဲ့တဲ့ ဒဏ်ရာတွေ ရထားခဲ့ပါတယ်။ အဲဒါကြောင့်ပဲ သူ့အပေါ် လူတွေရဲ့အနိုင်ကျင့် ပြုမူတာတွေခံစားခဲ့ရပါတယ်။ အဲဒါကြောင့်လည်း သူလို လူမျိုးတွေ ကို ကူညီဖို့ဆိုပြီး ဆုံးဖြတ်ခဲ့ကာ အခုဆို ဆိုရှယ်မီဒီယာ ပေါ်ကနေ တဆင့်ကြိုးစားနေပါပြီ။ သူ ဘာတွေ ကြိုးစားနေသလဲ ဆိုတာရှုစားရအောင်ပါ။ ဘီဘီစီရဲ့အမျိုးသမီး ၁၀၀ အထူး အစီအစဉ် တစ်ခု ဖြစ်ပါတယ်။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ကြောင်းကြိုတင် အသိပေးထားပါရစေ။