ဦးအောင်ဆန်းဦး အမွေမှု အထူးအယူခံလျှောက်

အသံဖိုင် ပုံစာ, ဦးအောင်ဆန်းဦးရဲ့ရှေ့နေ ဦးအေးလွင်

ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံဝင်းကို လေလံပစ်ပြီး ရရှိတဲ့ငွေကို တယောက်တဝက် ခွဲယူခွင့်ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အထူးအယူခံလာရောက် လျှောက်ထားခဲ့ပါတယ်။

ဒီအိမ်နဲ့ခြံ အမွေဆက်ခံခွင့်နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း တရားလွှတ်တော်က ဆုံးဖြတ်ချက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို လက်မခံတဲ့အတွက် အခုလို အထူးအယူခံ လျှောက်ထားတာပါ။

အခုကိစ္စနဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းဦးရဲ့ရှေ့နေဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေကြီးဦးအေးလွင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။