ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းတင်သူ
လောင်စာဆီနဲ့ ကုန်စျေးနှုန်း ကျဆင်းပေးဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လမ်းမတွေပေါ်ထွက် တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ ရွှေဝါရောင် သံဃာအရေးအခင်းဟာ ၁၁ နှစ်တိုင်တိုင် ရှိလာခဲ့ပါပြီ။
အဲဒီတုန်းက ဒီအရေးခင်းကို ကမ္ဘာကသိအောင် ဘလောဂါ တဦးအဖြစ်ဓါတ်ပုံရိုက်ခဲ့တဲ့ ကိုထူးတေဇာကတော့ သူ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအကြောင်း ဘီဘီစီကို ပြန်ပြောပြထားပါတယ်။
ဘီဘီစီသတင်းထောက် ကိုလပြည့်ကို ရိုက်ကူးတင်ဆက်ပေးထားပါတယ်။