လက်တုနဲ့ ဆွဲတဲ့ ပန်းချီဆရာ

ဗီဒီယို ပုံစာ, လက်တုနဲ့ ဆွဲတဲ့ ပန်းချီဆရာ

တောင်ကိုရီးယား က ပန်းချီဆရာ ဆုတ်ချန်ဝူးဟာ လက်တွေ မရှိပါဘူး။ မတော်တဆမှု တခုကြောင့် သူ့လက်တွေဆုံးရှုံးခဲ့ရလို့ လက်အတုနဲ့နေရတာဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အရှေ့တိုင်းနဲ့အနောက်တိုင်းက ပန်းချီရေးဟန်တွေကို ပေါင်းပြီး သူ့ရဲ့ကိုယ်ပိုင်ဟန်သစ်နဲ့ ပန်းချီရေးသူလည်းဖြစ်ပါတယ်။ သူ့သားငယ်ကို သူဘာလုပ်နိုင်တယ်ဆိုတာကိုသိစေဖို့အတွက် ပန်းချီဆွဲခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။ သူ့အကြောင်းကိုရှုစားရအောင်ပါ။