ဆီးရီးယားက ဒရုဇ်တွေကို အိုင်အက်စ် အဖွဲ့ တိုက်ခိုက်
ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက ဆီးရီးယား နိုင်ငံအနောက်တောင်ပိုင်းမှာ နေထိုင်ကြတဲ့ ဒရုဇ် လူနည်းစုတွေကို အစ္စလာမ်မစ် နိုင်ငံစစ်သွေးကြွအဖွဲ့ က တိုက်ခိုက်ခဲ့ရာမှာ လူ ၂၅၀ ကျော်သေဆုံးခဲ့ရပါတယ်။ ဒါဟာ ဆီးရီးယား စစ်ပွဲအတွင်း အိုင်အက်စ်အဖွဲ့ရဲ့ အသေအပျောက်အများဆုံး တိုက်ခိုက်မှုတွေ ထဲက တခု ဖြစ်ပါတယ်။ နောက်ပြီး ကလေး၁၈ ဦးအပါအဝင် ဓားဆာခံအများအပြားကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သူတို့ ဘယ်ရောက်နေတယ်ဆိုတာကိုလည်း မသိရပါဘူး။
ကိုထက်အောင်က ပြောပြမှာပါ။