မသန်ပေမယ့် စွမ်းတဲ့ လူငယ်
ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၇-၂၀၁၈ တက္ကသိုလ် ဝင်တန်း စာမေးပွဲ အောင်ချက်က တနိုင်ငံလုံး မှာ မှ ၃၂ ရာခိုင်နှုန်းကျော်ကျော် ပဲ အောင်မြင်သူ ရှိခဲ့တာပါ။ အဲဒီ လူနည်းစု အောင်မြင်သူတွေထဲမှာ မွေးရာပါ ခြေ လက် မပြည့်စုံတဲ့ လူငယ်လေးတယောက် လည်း ပါခဲ့ပါတယ်။ အဲဒီ မသန်စွမ်းလူငယ် လေး ဘယ်လို ကြိုးစားခဲ့ရသလဲ ဆိုတာကို သူနေ ထိုင်ရာ ပေါင်းတည်မြို့နယ်ထဲက ရွာလေးဆီ အရောက် သွားခဲ့တဲ့ ကိုငြိမ်းချမ်းအေး က ပြောပြမှာပါ။