စကားစစ်ခင်းပွဲတွေကနေ ဆွေးနွေးပွဲဆီသို့
ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ သမိုင်းဝင် အပြောင်းအလဲတစ်ခု ထပ်မံ ပေါ်ပေါက်လာပါပြီ။
တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ကိုရီးယား ကျွန်းဆွယ်ပေါ်မှာ နျူကလီးယား အစီအစဉ်တွေ ဖျက်သိမ်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်တော့မယ်လို့ သောကြာနေ့က ကြေညာလိုက်ပါတယ်။
စစ်လက်နက်အစီအစဉ်တွေနဲ့ ပတ်သက်လို့ တချိန်က အမေရိကန်အပါအဝင် တခြားနိုင်ငံတွေနဲ့ပါ စကားစစ်ခင်းခဲ့ပေမယ့် အခုလို မြောက်ကိုရီးယားတို့ရဲ့ သဘောထား ဘာကြောင့် ပြောင်းလဲလာခဲ့တာပါလဲ။