ထရမ့်နဲ့ကင်တွေ့ရင် ဘာတွေ ဖြစ်လာမလဲ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ မျက်နှာချင်းဆိုင် တွေ့ဆုံမယ်ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေက တောင်ကိုရီးယား တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။
၂ နိုင်ငံ ခေါင်းဆောင်တွေဟာ အရင်တုန်းက တယောက်နဲ့ တယောက် ပြင်းထန်တဲ့ စကားလုံးတွေနဲ့ စကားစစ်ထိုးခဲ့ကြသူတွေပါ။
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်ကလည်း စီးပွားရေး ပိတ်ဆို့ အရေးယူတာတွေ ပြင်းပြင်းထန်ထန် လုပ်ခဲ့ပါတယ်။
မေလထဲမှာ စီစဉ်ထားသလို ထရမ့်နဲ့ကင် တကယ်တွေ့ဖြစ်ကြမလား။ ရန်သူကနေ ပြိုင်ဘက်မိတ်ဆွေတွေ ဖြစ်လာနိုင်သလား။ သူတို့ ၂ ဦးရဲ့ အတိတ်က ပြောစကားတွေကို ရုပ်သံမှာ ပြန်ကြည့်ရအောင်ပါ။
