လွတ်လပ်အတွေးဆွေးနွေးဖလှယ်

အသံဖိုင် ပုံစာ, လွတ်လပ်အတွေးဆွေးနွေးဖလှယ်

ဓါတ်ပုံ Han Nyein Oo Facebook

နားဆင်နိုင်ပါပြီ။ ကျောင်းသား အပြစ်ပေးမှု အကြောင်း ဆွေးနွေးခဲ့။

ဒေါက်တာ မောင်သင်း ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ ဝင်၊ Save the Children အဖွဲ့က မသန္တာကျော် တို့က ဦးဆောင် ဆွေးနွေးထား ပါတယ်။

ရှေတာရှည် မြို့နယ် မူလတန်း ကျောင်း တကျောင်းမှာ ကျောင်းသူ ကျောင်းသား လေးတွေကို ဘောင်းဘီ ချွတ်ခိုင်းပြီး၊ အပြစ် ပေးတဲ့ ဓာတ်ပုံတွေ မကြာသေး ခင်က အွန်လိုင်း လူမှု ကွန်ရက်မှာ ပျံ့နှံ့ခဲ့ ပါတယ်။

အဲဒီလို အပြစ်ပေးမှု အတွက် ဝေဖန်မှု တွေ၊ ထောက်ပြ မှုတွေ လည်း အများ အပြား ထွက်ပေါ်ခဲ့ ပါတယ်။

အခုလို ကလေးတွေကို ပြစ် ဒဏ်ပေး တာက ကလေးတွေ (အနာဂတ်) အတွက် ကောင်းကျိုး ကို ဖြစ်စေ မှာလား။ ဒါမှ မဟုတ် သူတို့ အတွက် ဆိုးကျိုး ကို ဖြစ်စေနိုင် ပါလား ဆိုတာ သောတရှင် တို့ ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆွေးနွေး ထားတာ ဖြစ်ပါ တယ်။

#လွတ်လပ်အတွေး

#ဘီဘီစီမြန်မာပိုင်း