ရွှေဝါရောင် ၁၀ နှစ်ပြည့် ပြန်ပြောင်းပြောပြ

ဗီဒီယို ပုံစာ, ရွှေဝါရောင် ၁၀ နှစ်ပြည့် ပြန်ပြောင်းပြောပြ

၂၀၀၇ တုန်း က ဖြစ်ပေါ်ခဲ့တဲ့ ရွှေဝါရောင် သံဃာ့ အရေးအခင်း ဟာ ဒီကနေ့ ဆိုရင် ဆယ်နှစ် တိတိ ပြည့်မြောက် ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကနေ့မှာ ဆိုရင်လည်း ရွှေဝါရောင်တုန်းက ပါဝင် ခဲ့တဲ့ သံဃာ တော် တွေဟာ အရေးအခင်းကြီး စတင် ခဲ့တဲ့ ရွှေတိဂုံ ဘုရားမှာ ဝတ်ပြု ဆုတောင်း အခမ်းအနား တွေကို ကျင်းပ ခဲ့ကြပါတယ်။ တခြား ပြည်နယ် နဲ့ တိုင်း ဒေသ အသီးသီးမှာလည်း သံဃ လှုပ်ရှားမှု အတွင်းမှာ ကွယ်လွန်ခဲ့ကြတဲ့ ရဟန်း ရှင်လူ ကျောင်းသား ပြည်သူတွေကို ရည်စူး တဲ့ အလှူ အသီးသီး ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ရွှေဝါရောင် သံဃာ့ အရေးအခင်း ကို အာဏာပိုင်တွေက ဖြိုခွင်း တဲ့ အချိန်မှာ တောင်ဥက္ကလာ ပ မြို့နယ် ငွေကြာယံ ကျောင်းတိုက်မှာ သတင်းသုံး နေတဲ့ အရေးအခင်း ဦးဆောင် ဆရာတော် တစ်ပါး ဖြစ်သူ ဦးအဂ္ဂရာဇာ က အဲဒီတုန်း က အကြောင်း တွေကို ပြန်လည် မိန့်ကြားထားပါတယ်။