လွတ်လပ်အတွေး ဆွေးနွေးဖလှယ်
မြန်မာပြည်က ဆေးရုံတွေမှာ ဆေးဝါးပြတ်တောက်မှုတွေ မလုံလောက်မှုတွေရှိနေပါတယ်။
ဆေးရုံတွေကို မှီခိုပြီး နေရတဲ့ လူထုအတွက် ဘယ်လို အခက်အခဲတွေ ကြုံရသလဲ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်တွေ၊ ဆေးဘက်ဝန်ထမ်းတွေ အနေနဲ့ ရော လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ဘယ်လို အခက်အခဲတွေ ရှိနေသလဲ။
ဖြေရှင်းနိုင်မယ့် အဖြေက ဘာပါလဲ။
သောတရှင်တွေရဲ့ အမြင်အတွေးတွေကို လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ဆွေးနွေးထားကြပါတယ်။
ပင်တိုင်အဖြစ် ပြည်သူ့လွှတ်တော် ကျန်းမာရေးနဲ့ အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်းနဲ့ ပြည်သူ့ ကျန်းမာရေး အတိုင်ပင်ခံ ဒေါက်တာ ရဲမွန်မြင့်တို့ ပါဝင် ဆွေးနွေး ထားကြပါတယ်။