လုပ်ကြံမှု ခုံရုံးတရားသူကြီးအိမ်ပစ်ခတ်
အာဇာနည်နေ့ ကျရောက်တိုင်း မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်မှာ ခေါင်းဆောင်တွေ ခုလို သတ်ဖြတ်ခံခဲ့ရတာကို ဝမ်းနည်းတသတဲ့ စိတ်နဲ့ သတိရကြလေ့ရှိပါတယ်။
ဒီထဲက တယောက်ကတော့ သြစတြေးလျနိုင်ငံမှာ နေထိုင်တဲ့ ဒေါက်တာ သိန်းအုပ်ကျော်မြင့် ဖြစ်ပါတယ်။
သူဟာ ဂဠုန် ဦးစောနဲ့ အပေါင်းပါတွေ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရတဲ့ ဒီနိုင်ငံတော်လုပ်ကြံမှုကြီးကို စစ်ဆေး အပြစ်ပေးခဲ့ရတဲ့ ခုံရုံးဥက္ကဋ္ဌ တရားသူကြီး ပါမောက္ခ ဒေါက်တာ ကျော်မြင့်ရဲ့သားဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်ဖော်ကိုင်ဘက် ICS ဦးတင်ထွဋ်ရဲ့တူလည်း ဖြစ်ပါတယ်။
အာဇာနည် လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့တဲ့ ၁၉၄၇ ခုနှစ်က ခုံရုံးတရားသူကြီး သားအနေနဲ့ သူမြင်တွေ့ကြားသိခဲ့တာတွေနဲ့ သူ့အဖေ ပြောပြခဲ့တာတွေကို ဦးသိန်းအုပ်ကျော်မြင့်က ခုလို ပြန်ပြောပြ ထားပါတယ်။