ရာသီဥတု ပြောင်းလဲမှုနဲ့ အလာစကာ
ရာသီဥတု ပြောင်းလဲမှုကို အသိသာဆုံးခံစားတွေ့မြင်ရတဲ့ ဒေသတစ်ခုကတော့ အမေရိကန်ပြည်ထောင်စု မြောက်ဖျားစွန်းက အလာစကာပြည်နယ်မှာပါ။ အဲဒီမှာ ရေခဲတွေ အရေပျော်လို့အပူချိန်မြင့်လာတာတွေတွေ့နေရပါပြီ။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သိပ်အရေးမပေးသူလို့ သိကြတဲ့ သမ္မတဒေါ်နယ်ထရမ့် ကလည်း အလပ်စကာမှာရေနံတူးတာတွေ ပြန်ခွင့်ပြုဖို့ လုပ်နေပါတယ်။ အကြောင်းစုံကို ဦးဘမော်က ပြောပြမှာပါ။