ရာသီဥတု မူဝါဒ ထရမ့်ပြောင်းမယ်
အမေရိကန်မှာ သမ္မတဟောင်း အိုဘားမား လက်ထက် လုပ်ထားခဲ့တဲ့ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ကိုင်တွယ်ရေး ဆိုင်ရာ မူဝါဒထဲက အရေးပါတဲ့ အချက်တွေကို ပြောင်းလဲပစ်မယ့် အမိန့်တစ်ရပ်ကို လက်ရှိ သမ္မတ ထရမ့် မကြာခင် လက်မှတ် ထိုးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အမေရိကန် စီးပွားရေးကို ထိခိုက် စေတာကြောင့် ဒီအချက်တွေကို ဖယ်ရှားပစ်မယ်လို့ သူက မဲဆွယ်ပွဲ ကာလတွေမှာ ကတည်းက ကတိ ပြုခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ရဲ့ အဓိက ရွေးကောက်ပွဲ ကတိ တစ်ခုက အခြေခံ အဆောက်အအုံတွေ ပြန်လည် တည်ဆောက်မယ် ဆိုတဲ့ အချက်ပါပဲ။
ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ ရှိနှင့်ပြီးတဲ့ အခြေခံ အဆောက်အအုံတွေကို ထိန်းသိမ်းဖို့ လိုတယ် ဆိုပြီး ပြောနေကြပါတယ်။ ဦးဘမော် ပြောပြထားပါတယ်။