လွတ်လပ်အတွေးဆွေးနွေးဖလှယ်
ဦးကိုနီ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့။ (နားဆင်နိုင်ပါပြီ)
ပင်တိုင် ဆွေးနွေးသူများ - အငြိမ်းစားရဲမှူးကြီး မြင့်ဝေ၊ ဆရာမျိုးမြင့်ညိမ်း - PEN Myanmar ဥက္ကဌ
မြန်မာနိုင်ငံမှာ အခုလို လုပ်ကြံ သတ်ဖြတ်တယ် ဆိုတဲ့ အစဉ်အလာ ဆိုးတွေ မဖြစ်အောင် နိုင်ငံတော် အဆင့် ကနေ တနိုင်ငံလုံး အတိုင်း အတာနဲ့ ဘာတွေ ဆောင်ရွက်ဖို့ လိုအပ်မလဲ။
ဒါ့အပြင် လူမှု အသိုင်း အဝိုင်း အတွင်း မှာရော ဘာတွေ လုပ်ဆောင်ဖို့ လိုမလဲ။
(လုံခြုံရေး အစီအမံတွေ အပြင်၊ မတူကွဲပြားမှုတွေကို နားလည်လက်ခံနိုင်ကြဖို့၊ လူတစ်ဦး အသတ်ခံရတာကို ဝမ်းမြောက်ကြောင်းပြောနေကြတဲ့ စိတ်ဓာတ် အလေ့အထမျိုးတွေကို ဘယ်လို ပြုပြင်ကြမလဲ။) စတာတွေကို သောတရှင် တို့နဲ့ အတူ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဝင်ရောက်ဆွေးနွေးသူ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။