ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲ

အမေရိကန်ရဲ့ ၄၅ ယောက်မြောက် သမ္မတဖြစ်လာမယ့် ဒေါ်နယ် ဂျေ ထရမ့်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဆိုးလ်မှာလည်း ထရမ့်ရှိနေ, ဆိုးလ်မြို့တော်က အသက်ဝင်လှတဲ့ ထရမ့် ဖယောင်းပုံတူ

    ဆိုးလ်မြို့တော်က အသက်၀င် လှတဲ့ ထရမ့်ပုံတူ ဖယောင်းရုပ် နံဘေး လူတွေ ဝိုင်းဝိုင်း လည်နေပါတယ်။ 

    တောင်ကိုရီးယားက သူတွေဟာ ထရမ့် သမ္မတသစ် အဖြစ် ကျမ်းကျိန်မယ့်နေ့မှာ အဲဒီ ဖယောင်းရုပ်ကို သွားပြီး နှုတ်ဆက် နေကြတာပါ။ #ဘီဘီစီမြန်မာပိုင်း

    ထရမ့်
    ဓာတ်ပုံ ပုံစာ, ဆိုးလ်မှာလည်း ထရမ့်ရှိနေ
  2. ထရမ့်ကို ပုပ်ရဟန်းမင်း ဘာတွေ စာရေး ပြောသလဲ, ဆင်းရဲသားတွေကို ငံ့ညှာ သနားဖို့ သမ္မတသစ် ထရမ့်ကို ပုပ် တိုက်တွန်း

    အမေရိကန် သမ္မတသစ် အဖြစ် ကျမ်းကျိန်ပွဲ အပြီး ထရမ့်ဆီကို ပုပ်ရဟန်းမင်းကြီး ပေးပို့ ခဲ့တဲ့ သတင်းစကားတွေထဲ ဆင်းရဲသားတွေ အရေး ငဲ့ညှာ သနားဖို့နဲ့ ကျင့်ဝတ် သိက္ခာတွေ နဲ့ လျော်ညီစွာ ပြုမူ ကျင့်ကြံဖို့တွေ တိုက်တွန်း ထားပါတယ်။

    သင့်ရဲ့ ခေါင်ဆောင်မှု အောက်မှာ အမေရိကန် ကြီးကျယ် ခမ်းနားတယ် ဆိုတာကို မရှိ ဆင်းရဲသားတွေ အပေါ် ဘယ်လောက် ကြည့်သလဲ ဆိုတာကို မူတည်ပြီး ဆုံးဖြတ် နိုင်ပါစေ ဆိုပြီး ပုပ်ရဟန်းမင်းကြီးက ရေးသား ထားပါတယ်။

    ပြီးခဲ့တဲ့ နှစ် ၂ဝ၁၆ ဖေဖေါ်ဝါရီလ တုန်းကတော့ နယ်စပ်မှာ တံတိုင်းခတ်မယ် ဆိုတဲ့ ထရမ့် အပြောဟာ ခရစ်ယာန် မဆန်ဘူး ဆိုပြီး ပုပ်ရဟန်းမင်းက ဝေဖန် ခဲ့လို့ ဒီလို လက်လွတ်စပယ် မပြော သင့်ဘူး ဆိုပြီး ထရမ့်ကလည်း နှုတ်လှန် ပြန်ထိုး ခဲ့ပါတယ်။

    ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, B

    ဓာတ်ပုံ ပုံစာ, ထရမ့်ဆီ ပုပ်ရဟန်းမင်း စာရေး
  3. အမေရိကန် သမ္မတ မိသားစုသစ် ဘယ်သူတွေလဲ, အမေရိကန် First family အသစ်

    မလာနီယာ ထရမ့်- ထရမ့်ရဲ့ လက်ရှိ ဇနီးသည်။ အမေရိကန်ရဲ့ လက်ရှိ First Lady။

    တစ်ဖနီထရမ့်- ထရမ့်နဲ့ ဒုတိယ ဇနီး မာလာမေပယ်စ် တို့ကနေ မွေးတဲ့သမီး။

    အိုင်ဗန်ကားထရမ့်- ထရမ့်ရဲ့ လူအသိများဆုံး ဆိုနိုင်တဲ့ သမီး။ ပထမဆုံး ဇနီးသည် အိုင်ဗန်နာနဲ့ ရတာ။

    ဂျာရက် ခွတ်ရှနာ- အိုင်ဗန်ကားထရမ့်ရဲ့ ခင်ပွန်း။

    အာရဘဲလား- အိုင်ဗန်ကားထရမ့်နဲ့ ဂျာရက် ခွတ်ရှနာတို့ရဲ့ သမီး အကြီးဆုံး၊ ထရမ့် မြေးမ။

    ဘာရွန်ထရမ့်- ထရမ့်နဲ့ လက်ရှိ ဇနီးသည် မလာနီးယားတို့ရဲ့ တစ်ဦးတည်းသောသား၊ ဒီနေ့ ကျမ်းကျိန်ပွဲမှာ မပါ။

    ဒေါ်နယ်ထရမ့် ဂျူနီယာ- ပထမဆုံး ဇနီးသည် အိုင်ဗန်နာနဲ့ ထရမ့် တို့ရဲ့ အကြီးဆုံးသား။ The Trump Organization ရဲ့ လက်ရှိ အမှုဆောင် ဒုဥက္ကဌ။

    ကိုင်ထရမ့်- ဒေါ်နယ်ထရမ့် ဂျူနီယာနဲ့ ဇနီးသည် ဗနက်ဆာတို့ရဲ့ သားသမီး ၅ ယောက်ထဲက အကြီးဆုံး။

    အဲရစ် ထရမ့်- ပထမဆုံး ဇနီးသည် အိုင်ဗန်နာနဲ့ ထရမ့် တို့ရဲ့ တိတယမြောက် သား။

    လာနာ ယနာ့စ်ကာ- အဲရစ် ထရမ့် ဇနီး။

    ထရမ့်
    ဓာတ်ပုံ ပုံစာ, အမေရိကန် First family အသစ် မိသားစုဝင်တွေ ဘယ်သူတွေလဲ
  4. ဂျီဟာ့ဒ်ဝါဒီတွေ အတွက် အိုဘားမား နောက်ဆုံး လက်ဆောင်, လေကြောင်း အကြီးအကျယ် နှစ်ကြိမ်တိုက်ဖို့ အိုဘားမား အမိန့်ပေးခဲ့

    အမေရိကန် သမ္မတ နေရာက မဆင်းခင် အိုဘားမား ဟာ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး အတွက် အကြီးအကျယ် လေကြောင်း စစ်ဆင်ရေး နှစ်ကြိမ် လုပ်ဖို့ အမိန့် ပေးခဲ့ပါတယ်။ 

    သမ္မတသစ် ကျမ်းကျိန်ပွဲ မစခင် တစ်ရက် ကြာသပတေး နေ့တုန်းက ဆီးရီးယား နိုင်ငံထဲက အယ်လ်ကိုင်းဒါး အဖွဲ့ရဲ့ လေ့ကျင့်ရေး စခန်းကို B-52 ဗုံးကြဲ လေယာဉ် နဲ့ တိုက်ခိုက်ခဲ့လို့ လူ ၁ဝဝ ကျော် သေဆုံး သွားပါတယ်။

    ဒါ့အပြင် B-52 ကိုယ်ပျောက် လေယာဉ်တွေ အပါအဝင် လူမဲ့ ဒရုန်း ယာဉ်ပျံတွေ သုံးပြီးတော့လည်း လစ်ဗျား နိုင်ငံ အစွန်အဖျား ဒေသတစ်ခုထဲ တိုက်ခိုက် ခဲ့လို့ လက်နက်ကိုင် ၉ဝ လောက် အထိ သေဆုံး ခဲ့တယ်လို့ ပင်တာဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

    အိုဘားမား ထရမ့်
    ဓာတ်ပုံ ပုံစာ, B-52 ကိုယ်ပျောက် တိုက်လေယာဉ်
  5. ထရမ့် ဆန့်ကျင်ရေး သမား ၉ဝ ကျော် အဖမ်းခံရ, ဆန္ဒပြသမားတွေနဲ့ ရဲ ထိပ်တိုက်တွေ့

    သမ္မတသစ် ထရမ့် ကျမ်းကျိန်တဲ့နေ့ ဆန္ဒပြပွဲတွေ ဝါရှင်တန် ဒီစီ မြို့တော်မှာ အုံကြွ လာပြီး ရဲ တပ်ဖွဲ့နဲ့ ထိပ်တိုက် ရင်ဆိုင်တာတွေ ဖြစ်ပေါ် ခဲ့ပါတယ်။ 

    ထရမ့် ဆန့်ကျင်ရေး သမား ၉ဝ ကျော် အဖမ်း ခံခဲ့ရတယ် လို့ အမေရိကန် မီဒီယာတွေက ပြောနေပါတယ်။ 

    ဝါရှင်တန် ဒီစီ မြို့တော်ပေါ် တချို့ နေရာတွေမှာ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်နေပါတယ်။ #ဘီဘီစီမြန်မာပိုင်း

    ထရမ့်
    ဓာတ်ပုံ ပုံစာ, ၉ဝ ကျော် အဖမ်း ခံခဲ့ရ
  6. ထရမ့်-အိုဘားမား တစ်နေ့တာ ဓာတ်ပုံတွေ, ကျမ်းကျိန်ပွဲနေ့ ထရမ့်-အိုဘားမား တစ်နေ့တာ ဓာတ်ပုံတွေ

    ထရမ့်-အိုဘားမား တစ်နေ့တာ ဓာတ်ပုံတွေ

    ပုံ၁ နောက်ဆုံး ဂွတ်ဒ်ဘိုင် ပြောတာလား- ထရမ့် ကျမ်းကျိန်အပြီး သမ္မတဟောင်း ဖြစ်သွားတဲ့ အိုဘားမားကို နှုတ်ဆက်။

    ပုံ၂ ရီရီမောမော ပျော်ပျော်ရွှင်ရွှင်- သမ္မတဟောင်း အသစ်စက်စက်နဲ့ သမ္မတသစ် ပူပူနွေးနွေး

    ပုံ၃ ဧရာမ အလုပ်ကြီး အတွက် အသင့်ပဲလား- ထရမ့် ကျမ်းကျိန်ကာနီး အိုဘားမား အကြည့် 

    ပုံ၄ ငါတို့အားလုံး အမေရိကန်- နိုင်ငံတော်သီချင်း တီးမှုတ် နေတုန်း ငါတို့ အားလုံး အမေရိကန်

    ပုံ၅ လက်ဖက်ရည်အချိန်- ကျမ်းကျိန်နေ့အစ အတူတွေ့ရတဲ့ မိသားစု နှစ်ခု

    ထရမ့်
    ဓာတ်ပုံ ပုံစာ, နောက်ဆုံး ဂွတ်ဒ်ဘိုင် ပြောတာလား- ထရမ့် ကျမ်းကျိန်အပြီး သမ္မတဟောင်း ဖြစ်သွားတဲ့ အိုဘားမားကို နှုတ်ဆက်။
    ထရမ့်
    ဓာတ်ပုံ ပုံစာ, ပုံ၂ ရီရီမောမော ပျော်ပျော်ရွှင်ရွှင်- သမ္မတဟောင်း အသစ်စက်စက်နဲ့ သမ္မတသစ် ပူပူနွေးနွေး
    ထရမ့်
    ဓာတ်ပုံ ပုံစာ, ဧရာမ အလုပ်ကြီး အတွက် အသင့်ပဲလား- ထရမ့် ကျမ်းကျိန်ကာနီး အိုဘားမား အကြည့်
    ထရမ့်
    ဓာတ်ပုံ ပုံစာ, ငါတို့အားလုံး အမေရိကန်- နိုင်ငံတော်သီချင်း တီးမှုတ် နေတုန်း ငါတို့ အားလုံး အမေရိကန်
    ထရမ့်
    ဓာတ်ပုံ ပုံစာ, လက်ဖက်ရည်အချိန်- ကျမ်းကျိန်နေ့အစ အတူတွေ့ရတဲ့ မိသားစု နှစ်ခု
  7. အိုဘားမား မူဝါဒတွေ ပယ်ဖျက်, အိုဘားမား မူဝါဒ တွေကို အိမ်ဖြူတော် ဝက်ဘ်ဆိုက် ကနေ ဖျက်

    အိမ်ဖြူတော် ဝက်ဘ်ဆိုက်မှာ အိုဘားမား မူဝါဒ စာမျက်နှာတွေ မရှိတော့ ပါဘူး။

    ထရမ့်
    ဓာတ်ပုံ ပုံစာ, အိုဘားမား မူဝါဒတွေ ဖတ်လို့ မရတော့
    ထရမ့်
    ဓာတ်ပုံ ပုံစာ, အိုဘားမား မူဝါဒတွေ ပယ်ဖျက်
  8. ထရမ့် အပြောများဆုံး စကားလုံးတွေ, သမ္မတသစ် မိန့်ခွန်းထဲက စကားလုံးတွေ

    အောက်က ပုံမှာ ဖောပြထားတဲ့ စကားလုံး တွေဟာ သူ့ရဲ့ သမ္မတ ပွဲဦးထွက် မိန့်ခွန်းထဲ အကြိမ်ရေ အများဆုံး ထည့်သွင်း ပြောခဲ့တဲ့ စကားလုံးတွေပါ။

    ပိုပြီး များများ ပြောတဲ့ စကားလုံးကို ပိုပြီး ကြီးကြီး ရေးထားပါတယ်။

    အမေရိကန် နိုင်ငံနဲ့ အမေရိကန် ပြည်သူတွေ ဆိုတဲ့ စကားလုံး နှစ်လုံးကို ထရမ့် အပြောများ ဆုံး ဖြစ်ပါတယ်။

    ထရမ့်
    ဓာတ်ပုံ ပုံစာ, သမ္မတသစ် မိန့်ခွန်းထဲက စကားလုံးတွေ
  9. အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်, ဒေါ်နယ်ထရမ့် သမ္မတသစ် အဖြစ် ကျမ်းကျိန်

    ဒေါ်နယ်ထရမ့် သမ္မတသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆို ချိန်မှာ ဘေးမှာ သမ္မတကတော် မလာနီယားနဲ့ သား ဘာရွန် တို့ကို တွေ့နေ ရပါတယ်။

    ထရမ့်
    ဓာတ်ပုံ ပုံစာ, ထရမ့် သမ္မတသစ် အဖြစ် ကျမ်းကျိန်
  10. ထရမ့် မိန့်ခွန်း အိုဘားမား ကောင်းချီးပေး, ထရမ့်မိန့်ခွန်း အပြီး အိုဘားမား ကောင်းချီးပေး

    ထရမ့်က သူ့ မိန့်ခွန်း အဆုံးသတ်မှာ အသံကို မြှင့်ပြီး နိုင်ငံကို ကတိကဝတ်တွေ ပြုခဲ့ပါတယ်။

    “အမေရိကန် နိုင်ငံကြီးကို ပြန်လည် ကြွယ်ဝ အောင် လုပ်မယ်၊ ဟုတ်တယ် …. အမေရိကန် ပြည်ကြီး ဂုဏ်တက်စေဖို့၊ အမေရိကန် ပြည်ကြီး တခါပြန် ကြီးကျယ် စေဖို့ အတူတကွ လုပ်ဆောင် ကြမယ်” ဆိုပြီး ထရမ့်က သူ့ရဲ့ ရွေးကောက်ပွဲဝင် ကတိတွေကို ထပ်လောင်း ဟစ်ကြွေး ခဲ့ပါတယ်။

    “အမေရိကန်ကို ဘုရားသခင် ကောင်းချီး ပေးပါစေ” “ဂေါ့ဒ် ဘလက်စ် အမေရိကား” ဆိုပြီး နှစ်ခါ ရွတ်ဆိုပြီး ထရမ့်က မိန့်ခွန်း ခုံကနေ ထွက်ခွာ ပါတယ်။

    ထရမ့်ရဲ့ မိန့်ခွန်း အပြီး အိုဘားမား ပါးစပ်က မိန့်ခွန်း ကောင်းတယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ "Good job, good job." ရေရွတ် လိုက်တာကိုလည်း တွေ့မြင် ခဲ့ကြရပါတယ်။

    ထရမ့်
    ဓာတ်ပုံ ပုံစာ, “အမေရိကန်ကို ဘုရားသခင် ကောင်းချီး ပေးပါစေ”
  11. လက်တွေ့ လုပ်ရမယ့် ခေတ်ရောက်ပြီ- ထရမ့် သမ္မတ မိန့်ခွန်း, အိပ်မက် တွေကို ပိုပြီး ကြီးကြီး မက်ဖို့ လိုတယ်

    အစွန်းရောက် အစ္စလာမ် ဝါဒတိုက်ဖျက်ရေးမှာ ယဉ်ကျေးတဲ့ ကမ္ဘာနဲ့ အတူ သွေးစည်းမယ်လို့ သမ္မတ ထရမ့်က ကျမ်းကျိန်ပွဲ မိန့်ခွန်းထဲ ထည့်သွင်း ပြောပါတယ်။

     မျိုးချစ် ဝါဒ အတွက် နှလုံးသားတွေ ဖွင့်ထားချိန်မှာ လူတွေ အပေါ် အဓိပ္ပာယ် သတ်မှတ် ချက်တွေ တင်ကြို သတ်မှတ် ပြဌာန်းတာ အတွက်တော့ နေရာ မရှိဘူး လို့လည်း သမ္မတ အသစ်စက်စက် မစ္စတာ ထရမ့်က ဆိုပါတယ်။

    အမေရိကန် တွေ အနေနဲ့ ကြီးကြီးမားမား တွေးခေါ် မြော်မြင် ရမယ်၊ အိပ်မက် တွေကို ပိုပြီး ကြီးကြီး မက်ဖို့ လိုတယ်လို့ သမ္မတသစ် ထရမ့်က ပြောပါတယ်။

     စကားပဲ ပြောပြီး လက်တွေ့ မပါတဲ့ နိုင်ငံရေးသမားမျိုးကို ဆက်ပြီး လက်သင့်ခံမှာ မဟုတ်ဘူးလို့ ထရမ့်က သတိပေးပါတယ်။

     အနှစ်သာရ မပါတဲ့ အခေါင်းပွ စကားတွေ ပြောတဲ့ ကာလ ကုန်သွားပြီ၊ လက်တွေ့ ဆောင်ရွက်ပြတဲ့ ခေတ် ရောက်ပြီလို့ မစ္စတာ ထရမ့်က သမ္မတသစ် မိန့်ခွန်းထဲ ထပ်ကြော့ သတိပေး ပြောဆို ခဲ့ပါတယ်။

    ထရမ့်
    ဓာတ်ပုံ ပုံစာ, လက်တွေ့ ဆောင်ရွက်ပြတဲ့ ခေတ် ရောက်ပြီ
  12. အာဏာကို ပြည်သူ့ကို ပြန်လွှဲပါတယ်- ထရမ့် သမ္မတ မိန့်ခွန်း, အာဏာကို ပြည်သူ့ကို ပြန်လွှဲပါတယ်

    အာဏာကို ဝါရှင်တန် ဒီစီကနေ ပြည်သူတွေထံ ပြန်အပ် အပ်နှင်း ပါတယ် ဆိုပြီး ထရမ့်က သူ့ရဲ့ ကျမ်းကျိန်ပွဲနေ့ မိန့်ခွန်းထဲ ပြောပါတယ်။ 

    ဝါရှင်တန် ဒီစီ မြို့တော်ကြီးက ကုံလုံ ကြွယ်ဝ နေတာပဲ၊ ဒါပေမယ့် အဲဒီ ဓန အင်အားကို ပြည်သူတွေ မျှဝေ မခံစားရဘူးလို့ ထရမ့်က ဆိုပါတယ်။ 

    ဒီ စကားဟာ သူ့ရဲ့ ပေါ်ပြူလစ် ဝါဒ လမ်းကြောင်း မဲဆွယ်ပွဲ ကတည်းက လက်သုံး စကား ဖြစ်ပါတယ်။

    ထရမ့်
    ဓာတ်ပုံ ပုံစာ, အာဏာကို ပြည်သူ့ကို ပြန်လွှဲပါတယ်
  13. ဒုသမ္မတ ကျမ်းသစ္စာ ဆိုပြီ, မိုက်ပင့်စ် ဒုသမ္မတ အဖြစ် ကျမ်းကျိန်ပြီ

    မိုက်ပင့်စ် တစ်ယောက် ဒုသမ္မတ အဖြစ် ကျမ်းကျိန် ခဲ့ပြီ ဖြစ်ပါတယ်။ 

    ဗဟိုတရားရုံးချုပ် တရားသူကြီး ကလဲရင့်စ် သောမတ်စ်က ကျမ်းသစ္စာ တိုင်ပေးခဲ့တာပါ။ 

    ဒုသမ္မတ ကျမ်းကျိန်တာ မိနစ်ပိုင်းပဲ ကြာပါတယ်။ 

    ကွန်ဂရက်ကျူလေးရှင်းလို့ တရားသူကြီး သောမတ်စ်က အဆုံးသတ်မှာ ပြောအပြီး ဧည့်ပရိသတ် ဆီက ဝေါကနဲ အားပေးသံ ထွက်လာပါတယ်။

    ထရမ့်
    ဓာတ်ပုံ ပုံစာ, မိုက်ပင့်စ် ဒုသမ္မတ အဖြစ် ကျမ်းကျိန်ပြီ
  14. အိုဘားမား အတွက် ရဟတ်ယာဉ်, အိုဘားမား အတွက် ရဟတ်ယာဉ်

    အိုဘားမားဟာ အမေရိကန် လက်နက်ကိုင် တပ်တွေရဲ့ သေနာပတိ ဆိုတဲ့ ရာထူး နေရာကို လွှဲပြောင်း ပေးရတော့မှာ ဖြစ်ပါတယ်။

    ဒါပေမယ့် အမေရိကန်ရဲ့ သမိုင်းဝင် သမ္မတ ဖြစ်ခဲ့တဲ့ မစ္စတာ အိုဘားမားကို တိုင်းပြည်က အလေးထားပြီး အသိအမှတ်ပြုတဲ့ လက္ခဏာ အဖြစ် အသေအချာ ဂရုတစိုက် ရှိနေတာ တွေ့ရပါတယ်။

    ထရမ့်
    ဓာတ်ပုံ ပုံစာ, အိုဘားမား အတွက် ရဟတ်ယာဉ်
  15. ထရမ့် မိန့်ခွန်း ပြောတော့မယ်, ထရမ့် မိန့်ခွန်းကို ထိပ်တန်း အကြံပေးတွေ ကူညီရေးသား

    သမ္မတသစ် အဖြစ် ကျမ်းကျိန်ပွဲမှာ ပေးမယ့် မိန့်ခွန်းထဲ ဘယ် အကြောင်းအရာတွေ အဓိက ထားပြီး ထရမ့် ပြောမလဲ ဆိုတာ သိပ်ပြီး များများစားစား မသိရပါဘူး။

    ထရမ့် ရဲ့ မိန့်ခွန်းကို သူ့ရဲ့ ထိပ်တန်း အကြံပေး တချို့ ဖြစ်တဲ့ စီတီဗင် မီလ်လာ၊ ကယ်လီယန်း ကွန်ဝေး၊ ရိုင့်စ် ဘရီးဘတ်စ် နဲ့ စတီဗင် ဘင်နွန်တို့ ဝိုင်းဝန်း ကူညီ ရေးသား ပေးခဲ့ကြပါတယ်။

    ထရမ့် ရုံး အဖွဲ့ ပြောတာကတော့ မိန့်ခွန်းရဲ့ အစိတ်အပိုင်း အများစုဟာ ထရမ့် ကိုယ်ပိုင် လက်ရာလို့ ဆိုပါတယ်။

    EӜA��

    ထရမ့်
    ဓာတ်ပုံ ပုံစာ, ထရမ့် မိန့်ခွန်းကို ထိပ်တန်း အကြံပေးတွေ ကူညီရေးသား
  16. ထရမ့် အဝင်, ထရမ့် တည်တည်ငြိမ်ငြိမ် ဝင်ရောက်လာ

    ကျမ်းကျိန်ပွဲ ကျင်းပမယ့် နေရာကို ဒေါ်နယ်ထရမ့် ဝင်လာပါပြီ။

    သူ့ဘဝရဲ့ အကြီးအကျယ်ဆုံး ဖြစ်မယ့် နေရက်မှာ ထရမ့်ကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ တွေ့နိုင် ပါတယ်။

    ထရမ့်
    ဓာတ်ပုံ ပုံစာ, ထရမ့် တည်တည်ငြိမ်ငြိမ် ဝင်ရောက်လာ
  17. ထရမ့်ဇနီးသည် ကျမ်းကျိန် စင်မြင့်ပေါ် တက်လာပြီ, မလာနီယာ ကျမ်းကျိန် စင်မြင့်ပေါ် တက်လာပြီ

    ထရမ့်ဇနီးသည် မလာနီယာ ဟာ အမေရိကန် စစ်သည်တစ်ဦး အခြံအရံနဲ့ ကျမ်းကျိန် စင်မြင့်ပေါ်ကို တက်လာပြီ ဖြစ်ပါတယ်။

    ထရမ့် သမ္မတ ဖြစ်လာ ပြီးတဲ့နောက်မှာ မလာနီယာနဲ့ ၁ဝနှစ် အရွယ် သားဖြစ်သူ ဘိုင်ရွန် တို့ဟာ ဝါရှင်တန်ကို ချက်ခြင်း ပြောင်းရွှေ့ လာဦးမှာ မဟုတ်ပဲ အခု စာသင်နှစ် ပြီးတဲ့ အထိ စောင့်ဦးမှာ ဖြစ်ပါတယ်။

    ထရမ့်
    ဓာတ်ပုံ ပုံစာ, သမ္မတကတော် ဖြစ်တော့မယ့် မလာနီယာ
  18. ထရမ့်နဲ့ အိုဘားမား အိမ်ဖြူတော်က ထွက်လာပြီ, ထရမ့်နဲ့ အိုဘားမား ကျမ်းကျိန်ပွဲ ကျင်းပမယ့် နေရာကို သွားပြီ

    သမ္မတ အိုဘားမားနဲ့ သမ္မတသစ် ဖြစ်လာတော့မယ့် ထရမ့်တို့ အိမ်ဖြူတော် ကနေ ထွက်လာပြီး ကျမ်းကျိန်ပွဲ ကျင်းပမယ့် လွှတ်တော် အဆောက်အဦကြီး ရှိရာဆီ သွားနေကြပါပြီ။ 

    သူတို့ရဲ့ ဇနီးသည်တွေကတော့ ယာဉ်တန်းရဲ့ အရှေ့မှာ ကြိုသွား နှင့်ကြပြီး ဖြစ်ပါတယ်။

     လက်ရှိ ဒုသမ္မတ ဂျိုး ဘိုင်ဒင်နဲ့ ဒု သမ္မတသစ် ဖြစ်လာမယ့် မိုက်ပင့်စ်တို့လည်း နောက်ကားတစ်စီး ပေါ်မှာ အတူစီးပြီး သွားကြမှာ ဖြစ်ပါတယ်။

    ထရမ့်
    ဓာတ်ပုံ ပုံစာ, ထရမ့်နဲ့ အိုဘားမား
    ထရမ့်
    ဓာတ်ပုံ ပုံစာ, ဂျိုး ဘိုင်ဒင်နဲ့ မိုက်ပင့်စ်
  19. ထရမ့် ဆန့်ကျင်ရေးသမားတွေ ပြတင်းမှန်တွေ ရိုက်ခွဲကြ, အခြေအနေ တင်းမာတာတွေ မြင့်တက် လာနေ

    ဝါရှင်တန် ဒီစီ မြို့တော်ရဲ့ အစိတ်အပိုင်း တချို့မှာ အခြေအနေ တင်းမာတာတွေ မြင့်တက် လာနေပါတယ်။

    အနက်ရောင်ဝတ် ဆန္ဒပြသမား တချို့က အမှိုက်ပုံးတွေကို လမ်းပေါ် ပစ်ပေါက် တာမျိုး၊ ဆိုင်တွေရဲ့ ပြတင်းမှန်တွေကို ရိုက်ခွဲတာမျိုးတွေ ပြုလုပ် လာပါတယ်။

    သမ္မတ ကျမ်းကျိန်ပွဲကို သွားရာ အဝင်ပေါက် တစ်ခုမှာ Black Lives Matter “လူမည်းတွေ အသက်လည်း အရေးပါတယ်” ဆိုတဲ့ ဆန္ဒပြပွဲ ဖြစ်လာ ခဲ့လို့ လုံခြုံရေးတွေ ပိတ်ဆို့ လိုက်ပါတယ်။

    ဆန္ဒပြသမားတွေက "f*** Trump" ဆိုပြီး ဆဲရေး စကားတွေ အော်ဟစ် ခဲ့ပါတယ်။

    ထရမ့်ကို ထောက်ခံသူတွေလည်း ရှိနေကြပြီး အပြန်အလှန် အော်ဟစ် နေပါတယ်။

    ထရမ့်
    ဓာတ်ပုံ ပုံစာ, ထရမ့် ဆန့်ကျင်သူတွေ ထောက်ခံသူတွေ ထိပ်တိုက်တွေ့နေ
  20. ဟီလာရီ ရောက်လာပြီ, လွှတ်တော် အဆောက်အဦ ရှိရာ ဟီလာရီ ရောက်လာပြီ

    အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ထရမ့်ကို မမျှော်လင့်ပဲ အရှုံးကြီး ရှုံးခဲ့တဲ့ ဟီလာရီ ကလင်တန် တစ်ယောက် ထရမ့်ရဲ့ ကျမ်းကျိန် အခမ်းအနားကို တက်ဖို့ လွှတ်တော် အဆောက်အဦကြီး ရှိရာ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

    ထရမ့်
    ဓာတ်ပုံ ပုံစာ, ဟီလာရီ ရောက်လာပြီ