အာဆီယံ အထူးကိုယ်စားလှယ်ကို စစ်ကောင်စီ လက်ခံ
မြန်မာ့အရေးဖြေရှင်းပေးဖို့ အာဆီယံနိုင်ငံတွေ့ ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် Erywan Yusof ကိုလည်း စစ်ကောင်စီဘက်က လက်ခံအတည်ပြုကြောင်း ဒီကနေ့ သြဂုတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အဖြစ် ဘူရုနိုင်း နိုင်ငံခြားရေး ဝန်ကြီး (၂) Erywan Yusof ကို သြဂုတ်လ ၃ ရက်ရက်နေ့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ခန့်အပ်ထားတာ ဖြစ်ပါတယ်။
မစ္စတာ Erywan Yusof ဟာ စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာ နိုင်ငံကို လာရောက်ခဲ့ဖူးသူ ဖြစ်ပြီး၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ ဘရုနိုင်း နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး (၂) လည်း ဖြစ်ပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာနိုင်ငံတွင်းကို ဘယ်အချိန်မှာ သွားရောက်နိုင်မလဲ ဆိုတာကိုတော့ အာဆီယံ အဖွဲ့ကရော မြန်မာနိုင်ငံဘက်ကပါ ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။
မစ္စတာ Erywan Yusof အနေနဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံဘက်က တောင်းဆို ထားတဲ့ အချက် (၅) ချက်ကို မြန်မာ ဘက်က လေးစားလိုက်နာဖို့ ကြိုးစား ရမှာဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ပတ်သက်လို့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အနောက်နိုင်ငံ အတော်များများ က အာဆီယံ အဖွဲ့အစည်းဘက်က ကြားဝင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ရသင့် သလို၊ သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းအားလုံးနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့် ရသင့်တယ်လို့လည်း နိုင်ငံတကာက တောင်းဆိုနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images



















