မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ဓာတ်ခွဲစမ်းသပ်မှုတွေကို အခုရက်ပိုင်းကစပြီးအရေအတွက် ပိုတိုးလုပ်တော့မယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် အဖြေပိုမြန်မြန်သိနိုင်မယ့် Rapid Diagnostic Test Kit တွေသုံးဖို့ လုပ်ငန်းလမ်းညွှန်တွေ စံလုပ်ထုံးတွေကိုလည်း ထုတ်ပြန်မယ်လို့ဝန်ကြီးက ပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒီကနေ့ ဗီဒီယိုကွန်ဖရင့်လုပ်ရာမှာ ဝန်ကြီးကပြောခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ ၂၄ နာရီအတွင်း လူ ၁,၃၀၀ ကျော်ကို စစ်နိုင်တဲ့ စက်တစ်လုံးနဲ့ ဆေးပစ္စည်းတွေကို AA
Medical ကုမ္ပဏီက လှူဒါန်းထားပြီး လေကြောင်းကနေ သယ်ဆောင်လာနေပြီလို့မီဒီယာတချို့မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ministry of Health and Sports