စပိန်နဲ့အီတလီက အသွားအလာပိတ်ပင်ခဲ့တာ
အလုပ်ဖြစ်ပြီလား
စပိန်ဟာ
ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အများဆုံးဖြစ်ပေမဲ့ ကူးစက်မှုနှုန်းက
နောက်ဆုံးတော့ ကျဆင်းလာပြီးဆိုတာကို အချက်အလက်တွေအရ တွေ့ရပါတယ်။
သေဆုံးသူနှုန်းက လေးရက်ဆက်တိုက်
ကျလာပါပြီ။ တစ်ရက်အတွင်း သေဆုံးသူက ၆၃၇ ဦးဖြစ်ပြီး အဲဒါက နှစ်ပတ်နီးပါးအတွင်းမှာ
တစ်ရက်အတွင်း သေဆုံးသူအနည်းဆုံးဖြစ်ပါတယ်။
ကူးစက်ခံရသူနှုန်းလည်း
ဆက်ကျလာနေပါတယ်။ အဲဒီအချက်အလက်တွေအရ အသွားအလာ ပိတ်ပင်ကန့်သတ် lockdown လုပ်ထားတာက
အလုပ်ဖြစ်ဖွယ်ရှိတယ်ဆိုတာကို ပြနေပါတယ်။
ဒါပေမဲ့ အခုလို
အသွားအလာကန့်သတ်ထားတာတွေ ပြန်ဖြေလျှော့ပေးလိုက်ရင်တောင် လူတွေကြားသွားလာရင်
နှာခေါင်းစည်းတပ်ပြီးမှ သွားရတာမျိုးဖြစ်လာနိုင်တယ်လို့ အစိုးရက ပြောပါတယ်။
အီတလီမှာလည်း ကူးစက်မှုနဲ့
သေဆုံးသူ ကျဆင်းလာနေပါတယ်။အီတလီဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကမ္ဘာမှာ
သေဆုံးသူ အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပြီး လူ ၁၅,၈၈၇ သေဆုံးခဲ့ပါတယ်။
ဒီလိုကျဆင်းလာပေမဲ့ အီတလီ
ဝန်ကြီးချုပ် ကွန်တီကတော့ အသွားအလာ ကန့်သတ်ထားတာတွေ ဘယ်တော့ ပြန်ဖြေလျှော့မယ်ဆိုတာ
မသိသေးဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images