ဆိုလာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာ

ဗီဒီယို ပုံစာ, ဆိုလာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာ

အာဏာသိမ်းပြီးနောက်ပိုင်းမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာခဲ့ပြီးနောက်မှာ လူတွေ အကြား နေရောင်ခြည် စွမ်းအင်သုံး ဆိုလာ သုံးစွဲမှု တွင်ကျယ်လာခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ဘဏ္ဍာရေးနှစ်က စလို့ ဆိုလာ နဲ့ ဆက်စပ် ပစ္စည်း တင်သွင်းမှုတွေကို အခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ သိရပါတယ်။ တခါ စစ်ကောင်စီရဲ့ လျှပ်စစ် ဌာနကလည်း ပုဂ္ဂလိကသုံး ဆိုလာတွေက ပိုလျှံတဲ့ လျှပ်စစ် ဓာတ်အားတွေကို ဝယ်ယူမယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ဖူးပါတယ်။ အကြောင်းစုံကို မသီရိဇော်က ပြောပြပေးမှာပါ။